TOCFL (Test of Chinese as a Foreign Language)သည် နိုင်ငံတကာ စံနှုန်းများနှင့် အညီစစ်ဆေးသော ထိုင်ဝမ်ပညာရေး ဝန်ကြီးဌာန အသိအမှတ်ပြု တရုတ်ဘာသာအရည်အချင်းစစ်စာမေးပွဲ ဖြစ်ပါသည်။
TOCFL တွင် Band Novice, Band (A), Band (B) နှင့် Band (C) ဟူ၍ (၄)မျိုးရှိပြီး LEVEL (၈) ခုရှိပါသည်။ Band တစ်ခုချင်းစီအတွက် ဖြေဆိုသည့် ရမှတ်အပေါ်တွင် မူတည်ပြီး Band (A) တွင် (A1) (သို့မဟုတ်) (A2) Pass၊ Band (B) တွင် (B1) (သို့မဟုတ်) (B2) Pass၊ Band (C) တွင် (C1) (သို့မဟုတ်) (C2) Pass စသည်ဖြင့် LEVEL ပြန်လည်ခွဲခြားထားပါသည်။
လက်ရှိမြန်မာပြည်တွင် Listening နှင့် Reading နှစ်မျိုးဖြေဆိုရမည်ဖြစ်ပြီး တစ်မျိုးလျှင် အပုဒ်(၅၀)စီ ဖြေဆိုရမည်ဖြစ်ပါသည်။ Multiple Choice မေးခွန်းဖြစ်ပြီး ခဲခြစ်ဖြေဆိုရမည်ဖြစ်သည့်အတွက် 2B ခဲတံနှင့် ခဲဖျက်ကို မဖြစ်မနေ ယူဆောင်လာရပါမည်။
တစ်မျိုးလျှင် အမှတ်(၈၀) စီ ဖြေဆိုရမည်ဖြစ်ပြီး Level အလိုက်အောင်မှတ်ကို အောက်ဖော်ပြပါဇယားအတိုင်း အမျိုးမျိုးခွဲထားပါသည် –
Test of Chinese as a Foreign Language |
|||
---|---|---|---|
Pass the Standard |
|||
Quiz Level | Listening Score | Reading Score | |
Preparation Level | Novice 1 | 38 | 39 |
Novice 2 | 59 | 61 | |
Entry Level | Band A1 | 41 | 42 |
Band A2 | 60 | 60 | |
Advanced High Class | Band B1 | 46 | 48 |
Band B2 | 61 | 64 | |
Fluency Level | Band C1 | 50 | 52 |
Band C2 | 61 | 69 |
Band Novice အတွက် Listening (25) Minutes , Reading (25) Minutes ဖြေဆိုရမည်ဖြစ်ပြီး Band(A),(B),(C) အတွက် Listening (60) Minutes , Reading (60) Minutes ဆက်တိုက်ဖြေဆိုရမည်ဖြစ်ပါသည်။
စာမေးပွဲဖြေဆိုသည့်နေ့တွင် ကျောင်းသူကျောင်းသားကိုယ်တိုင်ဖြစ်ကြောင်း စစ်ဆေးရန်အတွက် မှတ်ပုံတင်မိတ္တူနှင့် Passport မိတ္တူတို့ကို မမေ့မလျော့ ယူဆောင်လာရမည်ဖြစ်ပါသည်။
စာမေးပွဲဖြေဆိုပြီး (၄)၊(၅)ပတ်ကျော်ပါက Paper Certificate ကို Taiwan TOCFL association မှ မြန်မာပြည်သို့ ပေးပို့မည်ဖြစ်ပြီး မြန်မာပြည်၌သာ ထုတ်ယူနိုင်မည်ဖြစ်ပါသည်။
TOCFL Certificate တွင် သတ်မှတ်ထားသည့် သက်တမ်းကာလမရှိပါ။ မိမိလျှောက်ထားသည့်ကျောင်း (သို့မဟုတ်) Organization အပေါ်တွင်သာ မူတည်ပါသည်။ Certificate ၏ သက်တမ်းသည် (၂)နှစ် (သို့မဟုတ်) (၃)နှစ် ကျော်လွန်ပါက TOCFL စာမေးပွဲကို နောက်တစ်ကြိမ် ထပ်မံဖြေဆို သင့်ကြောင်း အကြံပြုလိုပါသည်။
TOCFL Exam တွင် Traditional နှင့် simplify ဟူ၍ နှစ်မျိုးရှိပြီး Registration Form စတင်ဖြည့်သွင်းသည့်အချိန်၌ မိမိကြိုက်နှစ်သက်ရာ တစ်မျိုးကို ရွေးချယ်၍ စာရင်းသွင်းဖြေဆိုနိုင်ပါသည်။
TOCFL ဖြေဆိုထားပြီး Certificate ရရှိထားပါက ထိုင်ဝမ်တွင် ကျောင်း လျှောက်ထားခြင်းများ၊ Scholarship လျှောက်ခြင်းများနှင့် အလုပ်လျှောက် ထားခြင်းများအတွက် များစွာအထောက်အကူပြုပါသည်။
TOCFL နှင့် ပက်သက်သော အချက်အလက်များအား အသေးစိတ်ဆက်သွယ်မေးမြန်းလိုပါက အောက်ဖော်ပြပါ လိပ်စာနှင့် ဖုန်းနံပါတ်များသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
တရုတ်ဘာသာအရည်အချင်းစစ်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းမည့် ကျောင်းသားကျောင်းသူများ သိရှိစေရန်